စစ်မြေပြင်တွင် အီရန်က အောင်ပွဲရနေသည့်ဟန် ဖန်တီးထားသော သတင်းမှားများကို အီရန်နိုင်ငံပိုင် မီဒီယာများက ပိုမိုဖြန့်ဝေလာကြသည်။ ထိုသို့ဖော်ပြရာတွင် ယခင်ကပုံဟောင်းများနှင့် ပြုပြင်ဖန်တီးထား သည့် ပုံရိပ်များကို အသုံးပြုကာ အောင်ပွဲရနေသကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း အစီ ရင်ခံစာ က ဖော်ပြထားသည်။
တချိန်တည်းမှာပင် အီလွန်မတ်၏ X လူမှုကွန်ရက်ပေါ်တွင် ပဋိပက္ခနှင့်ပတ်သက်သော မှားယွင်းလှည့် ဖျားသည့် အကြောင်းအရာများ ပျံ့နှံ့နေကြောင်း Wired မဂ္ဂဇင်း ၏ စုံစမ်းစစ်ဆေးမှုက ဖော်ပြခဲ့သည်။
ယင်းတို့တွင် AI ဖြင့် ပြုပြင်ထားသော ပုံရိပ်များနှင့် တိုက်ခိုက်မှုအတိုင်းအတာကို ချဲ့ကားထားသည့် ရေး သားချက်များပါဝင်ပြီး ဒုံးကျည်များ ကျရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ပို့စ်ပေါင်း ရာနှင့်ချီ ထွက်ပေါ် လာတတ်ကြောင်း ဖော်ပြခဲ့သည်။
♦️ ဆောင်းပါး အပြည့်အစုံ -
https://bur.mizzima.com/2026/03/07/84162#အမေရိကန်
#ပဋိပက္ခ
#ပြင်းထန်နေချိန်
#အီရန်
#နိုင်ငံပိုင်မီဒီယာများ
#သတင်းမှား
#ဖြန့်ဝေမှုများ
#အားကောင်းလာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------