အမျိုးသမီးတွေရသင့်တဲ့အခွင့်အရေးတွေအကြောင်းရိုက်ပြထားတဲ့ကား📱😘

အညွှန်းဖတ်ရန်
🔽⬇️
နိုင်ငံခေါင်းဆောင်တွေ၊ ဆယ်လဘရတီတွေ၊ ကမ္ဘာကျော်
ပညာရှင်တွေ၊ လူ့အခွင့်အရေးသမားတွေ မီဒီယာတွေကနေ
ကျားမ တန်းတူညီမျှရေး၊ အမျိုးသမီး အခွင့်အရေး စတာ
တွေကို အမြဲကြားနေရပေမဲ့ ဖိုဝါဒကြီးစိုးတဲ့ အရင်းအမြစ်က
အိမ်တွင်းကနေ စတာပါ။ ဒီကား ကျိပြီးရင် ကိုယ့်အိမ်မှာ ကျားမတန်းတူအခွင့်ရေး
ရှိသလား၊ အိမ်က အမေ၊ အမ၊ မိန်းမ၊ ညီမ၊ သမီးချွေးမ စတဲ့ အမျိုးသမီးတွေ ထိုက်တန်တဲ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ
ရပြီး တန်ဖိုးထား ဆက်ဆံခံနေရလား မြင်ယောင်လာပါမယ်။

ရော်ကီ (ရန်ဗီး) က ချမ်းသာတဲ့ ပန်ချာပီ မိသားစုရဲ့အမွေ
ဆက်ခံမဲ့ တဉီးတည်းသောသားဖြစ်ပြီး ရာနီး(အာလီယား)က
ပညာတတ် ဘဂ်လီ မိသားစုဝင် တဉီးတည်းသော သမီးပါ။
ရန်ဗီး အဖိုး မင်းသားကြီး ဒရ်မင်ဒါး ကျန်းမာရေး ကိစ္စကို
အကြောင်းခံပြီး ရော်ကီ နဲ့ ရာနီးတို့ ဆုံရာက အချစ်မပါတဲ့
relationship တခု ခပ်မြန်မြန်ပဲ ဖြစ်သွားခဲ့ပါတယ်။
ပညာတတ်ပြီး အဆင့်အတန်းရှိတဲ့ ရာနီးက ချမ်းသာပေမဲ့
သူမ မိသားစုနဲ့ ပညာတတ်အသိုင်းအဝန်းထဲဝင်မဆန့်နိုင်တဲ့
ရော်ကီကို အပျော်တွဲဖို့သာ စဉ်းစားထားပြီး ရော်ကီကတော့
ရာနီးကို တဘဝစာ အချစ်တွေပေးပြီး လက်ထပ်ဖို့ထိ ပလန်
ချပြီးပါပြီ။ ဒါကိုရိပ်မိတဲ့ ရာနီးက ရော်ကီကို အပြတ်ပြောပြီး
လမ်းခွဲဖို့ ကြိုးစားပေမဲ့ သူလည်း ချစ်မိသွားပြီမို့ ရော်ကီရှေ့
ဒူးထောက်ပြီး အချစ်စစ်နဲ့ ပြန်တွဲ ပြန် kiss ကြပါတယ်။
ချစ်သူ၂ယောက် အဆင်ပြေသွားပေမဲ့ မပြေတာ လူမျိုး၊
ယဉ်ကျေးမူနဲ့ အတွေးအခေါ် မတူကြတဲ့၂ဖက် မိသားစုပါ။
အဲ့တော့ မိသားစုတွေကြား ပြေလည်အောင် ရော်ကီအိမ်မှာ
ရာနီးက ၃လ နေ၊ ရာနီးမိသားစုနဲ့ ရော်ကီက ၃လနေကြပြီး
ညှိယူဖို့ ကြိုးစားကြချိန်မှာတော့ ..

ကြည့်ရန်⬇️🔽
https://t.me/NaytoeCar/4364

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment