Mizzima
ခွဲစိတ်မှုကြေညာပြီးနောက် စစ်ခေါင်းဆောင် အစည်းအဝေးတက်ကြောင်း ထပ်မံထုတ်ပြန်လာ
ယမင်းဖူးပွင့်အောင်
မဇ္စျိမ ။ ။မကြာသေးမီက ခွဲစိတ်မှုခံယူထားရသည့် စစ်ခေါင်းဆောင်ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာသည်ဟု စစ်ဘက်ဆိုင်ရာနီးစပ်သူများက သုံးသပ်ပြောဆိုသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ဝေဒနာခံစားရသဖြင့် အိန္ဒိယပါရဂူများနှင့် စစ်ကော်မရှင် ဆေးအဖွဲ့တို့ပူးပေါင်းကာ နှစ်နာရီကြာ ခွဲစိတ်မှုခံယူခဲ့ရသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး တာဝန်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိကာ ယမန်နေ့ (မတ်လ ၂၄ ရက်နေ့) က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စက်သုံးဆီဆိုင်ရာ အစည်းအဝေးကိုပါ တက်ရောက်အမှာစကားပြောကြားခဲ့သည်ဟု ထပ်မံထုတ်ပြန်လာသည်။
စစ်ခေါင်းဆောင်သည် လာမည့်ရက်ပိုင်းအတွင်း ကျရောက်မည့် တပ်မတော်နေ့အခမ်းအနားနှင့် ဒုသမ္မတရွေးပွဲအတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်သည်ဟု အကြမ်…
Comments
Be the first to add a comment