တိဗက် အဝေးရောက်အစိုးရသည် အီရန်စစ်ပွဲ အရှိန်မြင့်လာနိုင်သည့် ဘေးအန္တရာယ်များကို စောင့်ကြည့်လျက်ရှိပြီး ထိုပဋိပက္ခကြောင့် ဒေသတွင်း၌ အမေရိကန်၏ အာရုံစိုက်မှု လျော့ပါးသွားနိုင်ပြီး တရုတ်အတွက် အခွင့်သာမှု ရသွားစေနိုင်သည်ဆိုပြီး တိဗက် အဝေးရောက်အစိုးရ အကြီးအကဲ ပန်ပါဆာရင် က ယူဆထားသည်။

အီရန်စစ်ပွဲ အရှိန်မြင့်လာခြင်းကြောင့် ဟိမဝန္တာကုန်းမြင့်ဒေသနှင့် အခြားသော ဒေသတွင်း ပဋိပက္ခဇုန်များ၌ တရုတ်အနေဖြင့် ယင်း၏အကျိုးစီးပွားများကို ခိုင်မာအောင် လုပ်ဆောင်ရန် အခွင့်အရေးရသွားမည်လားဆိုသည်ကို ၎င်းတို့ ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ပန်ပါဆာရင်က ပြောသည်ဟု Bloomberg သတင်းဌာနကို ကိုးကား၍ UNN က ဖော်ပြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/16/85141

#ပဋိပက္ခ
#အီရန်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment