အင်္ဂလန်အသင်းရဲ့ အမာခံပရိသတ်တယောက် လာမယ့်နွေရာသီ ကမ္ဘာ့ဖလားခရီးစဉ်အတွက် အိမ်တလုံးရောင်းပြီး အကုန်အကျခံဖို့ ပြင်ဆင်နေပါတယ်။
အသက် ၆၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ အန်ဒီ မီလ်နီ ဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ ကျင်းပမယ့် ဘောလုံးပွဲစဉ်တွေကို လိုက်ပါကြည့်ရှုနိုင်ဖို့အတွက် သူ့ရဲ့ ဒုတိယအိမ်ကို ရောင်းချပြီး ငွေဖော်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
ဒါက သူ အင်္ဂလန်အသင်းကို လိုက်လံအားပေးတဲ့ ၁၀ ကြိမ်မြောက် ကမ္ဘာ့ဖလားခရီးစဉ် ဖြစ်လာမှာပါ။ အမျိုးသားကမ္ဘာ့ဖလား ၉ ကြိမ်အပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားမှာလည်း သွားရောက်အားပေးခဲ့တာပါ။ မီလ်နီဟာ အင်္ဂလန်ပရိသတ်တွေကြားမှာ ကမ္ဘာ့ဖလားရွှေဖလားတုကို ကိုင်ဆောင်ထားလေ့ရှိတာကြောင့် လူသိများထင်ရှားသူတယောက်လည်း ဖြစ်ပါတယ်။
သူက လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး အင်္ဂလန်မြောက်ပိုင်းက အငှားချထားတဲ့ အိမ်ကို ပေါင် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၆၅,၀၀၀ ခန့်) နဲ့ ရောင်းရဖို့ မျှော်လင့်နေတာပါ။
မီလ်နီက ဗြိတိန်သတင်းစာ The Mirror ကို အခုလို ပြောပြခဲ့ပါတယ် Read more: >>
https://bur.mizzima.com/2026/03/28/86182