Mizzima
ပခုက္ကူစက်မှုဇုန်ရှိ စစ်ကော်မရှင်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
MTO
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့စက်မှုဇုန်ရှိ ပခုက္ကူ-ရေစကြိုလမ်းပိုင်းပေါ်မှ စစ်ကော်မရှင်၏ ဂိတ်စခန်းတခုကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ပျူစောထီး သုံးဦး သေဆုံးပြီး ပျူအမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Anyar Ayeyarwaddy Revolution Force (AARF) အဖွဲ့က ယမန်နေ့ (မတ်လ ၂၃ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
စစ်ကော်မရှင်၏ အဆိုပါ စက်မှုဇုန် (၆) လမ်း ဂိတ်စခန်းကို မတ်လ ၂၃ ရက် မနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း AARF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အဲဒီဂိတ်ကို အရင်ကလည်း တခါသွားပစ်ဖူးတယ်။ အဲလိုပစ်ပြီးနောက်ပိုင်း တော်တော်ငြိမ်သွားတာ။ အခုတခါ လူတွေလဲထားပြီး ပြန်သောင်းကျန်းလာလို့ ထပ်သွားပစ်တာ” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး၊ ပခုက္ကူလေယာဉ်ကွင်းမှ စစ်ကူအဖြစ် ကား သုံးစီး ထွက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း AARF အဖွဲ့ထံမှ သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်သည် ပြည်သူများအပေါ် ဆက်ကြေးကောက်ခြင်း၊…
Comments
Be the first to add a comment