ယူကရိန်းသည် ဒရုန်းရန်ကာကွယ်ရေးကျွမ်းကျင်သူ ၂၀၀ ကျော်နှင့်အတူ ၎င်းတို့၏ ပြည်တွင်းထုတ်ဒရုန်းဟန့်တားရေးစနစ်များကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတခုတို့သို့ စေလွှတ်ထားကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မတ်လအစောပိုင်းတွင် New York Times သို့ ပြောကြားခဲ့သည်။

ဒရုန်းခြိမ်းခြောက်မှုကို ကာကွယ်ရာတွင် ယူကရိန်း၏ ကျွမ်းကျင်မှုများကို ဒေသတွင်းရှိ အခြားနိုင်ငံအများအပြားကလည်း စိတ်ဝင်စားနေကြပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဇယ်လန်းစကီးနှင့် ဆွေးနွေးရန် အထူးတောင်းဆိုထားကြောင်း အစ္စရေးသတင်းဌာန Ynet က ဖော်ပြခဲ့သည်။

ကြားဖြတ်ဟန့်တားရေးဒရုန်းများသည် Shahed ကဲ့သို့သော ခြိမ်းခြောက်မှုများကို သမားရိုးကျ လေကြောင်းရန်ကာကွယ်ရေးစနစ်များထက် ကုန်ကျစရိတ် အဆပေါင်းများစွာ သက်သာစွာဖြင့် ချေမှုန်းနိုင်သည်။

အမေရိကန်ထုတ် Patriot စနစ်သုံး PAC-3 ဒုံးကျည်တစင်းလျှင် အမေရိကန်ဒေါ်လာ လေးသန်းနီးပါး ကုန်ကျသော်လည်း ယူကရိန်းထုတ် ‘Sting’ သို့မဟုတ် ‘Octopus’ ကဲ့သို့သော ကြားဖြတ်ဟန့်တားရေးဒရုန်း…

Comments

Be the first to add a comment