The Menu [2022]

IMDb 7.2 / 10

Review 🗒

လူတစ်ယောက်ကို ဒေါ်လာ ၁၂၅၀ ပေးရတဲ့ ကျွန်းတစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရှိပါတယ်။ လှေနဲ့သီးသန့်သွားရပြီး တစ်ညလုံး ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းတဲ့ဆိုင်မျိုးဖြစ်ပါတယ်။ အဲဒီစားသောက်ဆိုင်ရဲ့ အထူးည တစ်ညမှာတော့ ဧည့်သည်မျိုးစုံရောက်ရှိလာပါတယ်။ ဝေဖန်ရေးသမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ ဒါပေမဲ့ သူတို့တွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေပြောပြသွားတဲ့အပြင် အသတ်အဖြတ် အကြမ်းပတမ်းတွေနဲ့ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ…
Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်းတွေကလည်း နက်နက်နဲနဲစဉ်းစားချင်စရာကောင်းသလို ရယ်ရခက်ငိုရခက်လည်းဖြစ်နေပါသေးတယ်။ အတော်လေးကိုခံစားလို့ကောင်းတဲ့ရုပ်ရှင်ဖြစ်ပြီး Rating ကလည်း 7 ကျော်နေပြီမို့ ကိုယ်တိုင်ကိုယ်ကြ ကြည့်ရှုခံစားလိုက်ပါတော့

😍ကြည့်ရန်နှိပ်ပါ👇

t.me/moviemart200/1694

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment