Mizzima
ဝင်းဝစခန်းပြန်ရရန် ကြိုးပမ်းသည့် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ ဂုံညှင်းဆိပ်ရွာအနီး တိုက်ပွဲဖြစ်
YT
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝတပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား ဒေသတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၄) သတင်းရင်းမြစ်ထံက သိရသည်။
ဝင်းဝစခန်းမှ ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများနှင့် ဝင်းဝတပ်စခန်းအား ပြန်လည်ရယူရေးအတွက် စစ်ကူလာသည့် စစ်ကြောင်းများကို တိုက်ခိုက်နေခြင်းကြောင့် သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ဂုံညှင်းဆိပ်ရွာအနီးတဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဟုဆိုသည်။
KNU တပ်မဟာ (၄) ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နာက “ အဲ့ဒီ ပြေးလာတဲ့ စစ်ကြောင်းကလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့အခြေအနေဖြစ်တယ်။ တချိန်တည်းမှာပဲ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့ အချိန်မှာ လေကြောင်းပစ်ကူ တိုက်ခိုက် ဗုံးကြဲတာတွေ ရှိတယ်” ဟု ယနေ့ (မတ်လ ၁၈ ရက်) တွင် မဇ္ဈိမသို့ ပြောသည်။
ထိုတိုက်ပွဲများအတွင်း…
Comments
Be the first to add a comment