စစ်တွေနှင့်ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်ပြီး ရွှေမင်းဂံရေတပ်မှ စစ်အုပ်စုတပ်သားအများအပြားသေဆုံးဟုဆို

ဓာတု

မဇ္ဈိမ ။ ။ ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်- ဇင်ချောင်းကြားတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA)တို့နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်းစစ်ရေးသတင်းအရင်းမြစ်များထံကသိရသည်။

ရေတပ်အခြေစိုက်စခန်း(ရတခ)ဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းတွင်အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများကို ယမန်နေ့ (မတ်လ ၂၃ ရက်) နံနက် ၉နာရီဝန်းကျင်တွင် AA က လက်နက်ကြီး၊စနိုက်ပါများဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ကော်မရှင်တပ်သား ၃၀ ဦးအထက်သေဆုံးကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က မဇ္ဈိမသို့ ပြောသည်။

“မင်းဂံရေတပ်စခန်းဘက်ကို ချောင်းတဖက်ကမ်းကနေပစ်တာ ဇော်မတက်တို့ ရဲရိုးပြင်တို့ဘက်ကနေပေါ့ ၊မနေ့ကပစ်လိုက်တာ ၃၀ကျော် ၄၀ လောက်သေတယ်။ စခန်းထဲ ၈၀ ယောက်လောက်ရှိတာ၊ပစ်တာလည်း သိပ်မဝေးဘူး ပေနဲ့ကြည့်မယ်ဆို ပေ ၄၀၀-၅၀၀ လောက်ကနေပစ်တာ”ဟု ၎င်းက ပြောသည်။

စစ်တွေမြို့နယ်တွင် မြို့အနီးရွှေမင်းဂံဆိပ်ကမ်းနှင့် စစ်တွေမြို့အစွန်အဖျားနေရာများတွင်သာတိုက်ပွဲဖြစ်ပွားနေပြီး…

Comments

Be the first to add a comment