PPP ပါတီ ဥက္ကဋ္ဌအပြောင်းအလဲဖြစ်၊ ဒေါ်သက်သက်ခိုင် နာယကအဖြစ် ပြောင်းလဲတာဝန်ယူ

001

မဇ္ဈိမ ။ ။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဥက္ကဋ္ဌရာထူးအား ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယခင်ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်ကြောင်း မဇ္ဈိမ စုံစမ်းသိရသည်။ ဥက္ကဋ္ဌဟောင်း ဒေါ်သက်သက်ခိုင်မှာမူ ပါတီ၏ ဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) တွင် ဥက္ကဋ္ဌသစ် ဦးစောဟန်အေးက မဇ္ဈိမသို့ အတည်ပြုပြောကြားရာတွင် “ကျွန် တော်တို့က လက်ဆင့်ကမ်းတာဝန်ယူတဲ့ စနစ်ရှိပြီးသားဆိုတော့ လက်ဆင့်ကမ်းတာဝန်ယူတာပါ” ဟု ဆိုသည်။

ပါတီ၏ အခြားထိပ်ပိုင်းရာထူးများတွင်လည်း အပြောင်းအလဲရှိခဲ့ပြီး ယခင်တွဲဖက်အတွင်းရေးမှူး (၁) ဦးတင်မောင်ညီမှာ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်လာကြောင်း၊ ဒုတိယဥက္ကဋ္ဌ (၁) ရာထူးမှာမူ လတ်တလောတွင် လစ်လပ်ထားကြောင်း သိရသည်။ ထို့ပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ကိုလည်း အင်အားဖြည့်တင်းထားသည်ဟု ဆိုသည်။

Read more: >> https://bur.mizzima.com/2026/02/21/82664

Comments

Be the first to add a comment