အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲ သုံးပတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင် အီရန်၏ အဆက်မပြတ် လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် သုံးနေသော ကြားဖြတ်ဟန့်တားသည့် ဒုံးကျည်များ ပြတ်လပ်နိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အစ္စရေးတွင် ဒုံးကျည်များနှင့် ဒရုန်းများကို ဖျက်ဆီးရန် အသုံးပြုနိုင်သည့် “Iron Beam” ခေါ် လေဆာနည်းပညာစနစ်သစ်တခု ရှိနေသော်လည်း လက်ရှိတွင် အသုံးအများဆုံး ကြားဖြတ်ဟန့်တားလက်နက်များမှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များသာ ဖြစ်ကြသည်။
ပြီးခဲ့သည့်နှစ်က အစ္စရေးနှင့် အီရန်တို့ ၁၂ ရက်ကြာ တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြောင့် အစ္စရေး၏ ပဲ့ထိန်းဒုံးကျည်ပစ် လက်နက်များသာမက မဟာမိတ်အမေရိကန်၏ လက်နက်များပါ သိသိသာသာ လျော့သွားခဲ့သည်။ ထိုကဲ့သို့ ကြားဖြတ်ဒုံးကျည် အမြောက်အမြားကို မကြာသေးမီကမှ အသုံးပြုခဲ့ရခြင်းကြောင့် ယခုလက်ရှိစစ်ပွဲကို မစတင်မီ အစ္စရေးနှင့် အမေရိကန်တို့အနေဖြင့် လက်နက်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပုံမပေါ်ပေ။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/17/85174