Mizzima
အီရန်ကို တိုက်ခိုက်ခြင်းက အမေရိကန်၏ ပင်လယ်ကွေ့မဟာမိတ်များအပေါ် လက်တုံ့ပြန်မှုတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ကို ကြိုတင်သတိပေးခဲ့ကြောင်း အမေရိကန်အရာရှိတဦးနှင့် ထောက်လှမ်းရေးသတင်းများကို ရင်းနှီးကျွမ်းဝင်သူ သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ တီဟီရန်၏ တုံ့ပြန်မှုက အံ့အားသင့်စရာဟု မတ်လ ၁၆ ရက်တွင် ထရမ့်က ပြောသော်လည်း ထိုသို့ တုံ့ပြန်လာနိုင်ကြောင်းကို ထရမ့်အား စစ်ပွဲမတိုင်မီကတည်းက ကြိုပြီးသတိပေးခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခြင်း ဖြစ်သည်။
"စစ်ပွဲမဖြစ်မီ ထောက်လှမ်းရေး အကဲဖြတ်ချက်များတွင် အီရန်၏ တုံ့ပြန်မှုမှာ ၁၀၀ ရာခိုင်နှုန်း သေချာသည်ဟု မဆိုနိုင်သော်လည်း ဖြစ်လာနိုင်သည့် ရလဒ်များစာရင်းထဲတွင် အသေအချာ ပါဝင်နေခဲ့သည်" ဟု သတင်းရင်းမြစ်တဦးက ဆိုသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ထရမ့်
#မဟာမိတ်နိုင်ငံများ
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment