Mizzima
တရုတ်အစိုးရသည် ၂၀၂၂ ခုနှစ်မှစ၍ ဂျော်ဂျီယာနိုင်ငံ၏ သတင်းအချက်အလက် နယ်ပယ်အတွင်း ၎င်း၏ ဩဇာလွှမ်းမိုးမှုကို တဖြည်းဖြည်းချင်း အားကောင်းလာအောင် တည်ဆောက်လျက်ရှိသည်။ တရုတ်အာဏာပိုင်များသည် ဂျော်ဂျီယာတွင် နိုင်ငံတော်ပိုင် ကိုယ်ပိုင်မီဒီယာဌာနတခု ပေါ်တင်ဖွင့်လှစ်ခြင်း မရှိဘဲ ၎င်းတို့၏ ဝါဒများကို ဖြန့်ဝေရန်အတွက် ဒေသတွင်းရှိ ကြားခံမီဒီယာများ အထူးသဖြင့် ရုရှားလိုလားသော မီဒီယာများနှင့် ဂျော်ဂျီယာအစိုးရကို ထောက်ခံသည့် မီဒီယာများကိုသာ အဓိက အားကိုးအသုံးပြုနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ သိမ်မွေ့သော်လည်း ကျယ်ပြန့်လှသော ဩဇာလွှမ်းမိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က သတိပေးထားသည်။ အားနည်းနေသော ဂျော်ဂျီယာ၏ မီဒီယာဂေဟစနစ်အတွင်း၌ ထိုသို့သော လုပ်ဆောင်ချက်များသည် အာဏာရှင်ဆန်သော ဝါဒများ ပျံ့နှံ့လာစေရန်နှင့် အပြန်အလှန် အားဖြည့်ပေးရန်ဖြစ်ပြီး မီဒီယာများ၏ ဘက်ပေါင်းစုံမှ လွတ်လပ်စွာ တင်ပြနိုင်စွမ်းကို တဖြည်းဖြည်း တိုက်စားဖျက်ဆီးလျက်ရှိသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဂျော်ဂျီယာ
#သတင်းလောက
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment