Mizzima
အမေရိကန်က ယင်း၏ စွန့်ပစ်ပစ္စည်းများကို အာရှနိုင်ငံတခုတွင် စွန့်ပစ်ရန်ကြံစည်ခဲ့သော်လည်း ယခု တကြိမ်တွင် အစီအစဉ်မအောင်မြင်ခဲ့ပေ။ မှားယွင်းကြေညာပြီး တင်သွင်းလာသော အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၂၈၄ တန်ကို ထိုင်းဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သည်။
ထိုင်းအာဏာပိုင်များသည် ယင်းစွန့်ပစ်ပစ္စည်းအားလုံးကို မူရင်းနိုင်ငံဖြစ်သော ထရမ့်၏ အမေရိကန်ပြည် ထောင်စုသို့ ပြန်လည်တင်ပို့ရန် စီစဉ်နေသည်။
ထိုင်းအကောက်ခွန်အာဏာပိုင်များသည် ချွန်ဘူရီခရိုင်၊ လမ်ချာဘန်းဆိပ်ကမ်းတွင် ယင်းတရားမဝင် စွန့်ပစ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်၊ ထိုင်းသည် အမှိုက်စွန့်ပစ်ရာနေရာမဟုတ်ကြောင်း အမေရိကန်ထံသို့ ပြတ်သားသော သတင်းစကားပေးရန် ဆုံးဖြတ်ခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အမေရိကန်
#ထိုင်း
#အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment