ဇာတ်လမ်းစစချင်းမှာ ရာဟင်းဆိုတဲ့ လူငယ်တစ်ယောက်ရထားပေါ်က ပြုတ်ကျပြီး သေတယ်။ဒီသတင်းကို သူ့ဇနီးလောင်းဖြစ်သူဆန်ဂီသာ ကြားတော့ ဆေးရုံကိုအူယားဖားယားရောက်လာတယ်။

ရာဟင်း သေကြောင်းကြံလို့တဲ့။ သူဘယ်လိုမှ မယုံနိုင်။ ရာဟင်းမှာ ဘာစိတ်ညစ်စရာ၊
စိတ်ဓာတ်ကျစရာတွေ ရှိနေလို့လဲ။

ကိုယ့်ကိုကိုယ် အဆုံးစီရင်ရလောက်အောင် ရာဟင်းက ပျော့ညံ့သူမှ မဟုတ်တာ။

ရာဟင်းသေတာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ တထစ်ချ ယုံကြည်နေချိန်တစ်ညတော့ ဆန်ဂီသာ့ကို ရာဟင်းကအိပ်မက်လာပေးတယ်။ သူ အသတ်ခံလိုက်ရတာတဲ့။

သူ့စိတ်ထဲက ယုံကြည်ချက်နဲ့ရာဟင်းရဲ့အိပ်မက်ပေးချက်ကို ဆုပ်ကိုင်ပြီး ဆန်ဂီသာတစ်ယောက် CID အထိ တက်တယ်။

ရာဟင်းအမှုကို စုံစမ်းပေးဖို့ တိုင်တန်းလိုက်တယ်။

ရှီဗာလက်ဂစ်ရ်ှဆိုတာ CID အရာရှိတစ်ယောက်။ ဇနီးသည် ဆတ္တယာနဲ့ သုဿန်တစ်ခုအနီးက အိမ်မှာ နေရင်း CID က ရာဟင်းအမှုကို သူ့လက်အပ်တယ်။

အမှုကို ရာဟင်းအိမ်သွားပြီးစုံစမ်းကြည့်လိုက်တော့ ရာဟင်းအဖေကိုမသင်္ကာဖြစ်မိတယ်။

ရာဟင်းနဲ့ ဆန်ဂီသာတို့အချစ်ရေးကို
သဘောမတူလို့ တစ်ခုခုများ ကြံစည်လေသလား သူစဉ်းစားတယ်။

ဇာတ်လမ်းဟာ တစတစ စိတ်ဝင်စားဖို့
ကောင်းလာပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/threaterzone/1210

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment