တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီ၏ ဟားလီးကွေ့တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအတွင်းစစ်ကောင်စီတပ် ဗိုလ်ကြီးတဦး မိမိကိုယ်ကို သတ်သေသွားပြီး၊ အခြားအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးလည်း ပူးပေါင်းတပ်ထံ လက်နက်ချခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) မှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။

“ဗိုလ်ကြီးက တိုက်ပွဲမှာ ကျတာမဟုတ်ဘူး။ စစ်ကူတွေရောက်မလာတော့ နောက်ဆုံးမှာ လက်နက်ချတာ။ သူ(ဗိုလ်ကြီး)က သူ့ကိုယ်သူ ပြန်ပစ်သတ်သွားတယ်” ဟု DNLA မှတာဝန်ရှိသူတဦးက ပြောသည်။ Read more: https://bur.mizzima.com/2025/04/28/54578

Comments

Be the first to add a comment