Pp Movie Uploader
ရွှေတံဆိပ်ဆိုတာယောက်ျားလေးကရရမိန်းကလေးကရရရွှေတံဆိပ်ပါပဲ
📺
အညွှန်းဖတ်ရန်
🔽
⬇️
မဟာဗီယာ ဆင်းဂ် ဖိုဂတ် (Aamir Khan) ဟာ အိန္ဒိယနိုင်ငံအတွက် ရွှေတံဆိပ်ဆု ရယူပေးချင်တဲ့ နပန်းချန်ပီယံဟောင်းတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုစားဝတ်နေရေးကြောင့် သူချစ်တဲ့ နပန်းအားကစားကို စွန့်လွှတ်ခဲ့ရပြီး သူမရခဲ့တဲ့ ရွှေတံဆိပ်ကို သူ့ရဲ့သားဖြစ်သူက ရယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ကံကြမ္မာက မျက်နှာသာမပေးဘဲ သမီးမိန်းကလေး (၄) ယောက်သာ ဆက်တိုက်မွေးဖွားလာတဲ့အခါမှာတော့ သူ့ရဲ့အိပ်မက်တွေ လက်လျှော့လုနီးပါး ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့သမီးကြီးနှစ်ယောက်ဖြစ်တဲ့ ဂီတာ (Geeta) နဲ့ ဘာဘီတာ (Babita) တို့က ရွာထဲက ကောင်လေးနှစ်ယောက်ကို ရိုက်နှက်ဆုံးမလိုက်တာကို မြင်တွေ့ပြီးနောက်မှာတော့ သူ့သမီးတွေရဲ့ သွေးထဲမှာ နပန်းသမားဗီဇ ပါနေမှန်း သဘောပေါက်သွားခဲ့ပါတယ်။
"ရွှေတံဆိပ်ဆိုတာ ယောက်ျားလေးကရရ၊ မိန်းကလေးကရရ ရွှေတံဆိပ်ပါပဲ" ဆိုတဲ့ ခံယူချက်နဲ့ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့မှုတွေ၊ ရှေးရိုးစွဲအမြင်တွေကို ဆန့်ကျင်ပြီး သမီးနှစ်ယောက်ကို နပန်းချန်ပီယံတွေဖြစ်အောင် အပြင်းအထန် လေ့ကျင့်ပေးပါတော့တယ်။ ဖခင်တစ်ယောက်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေအောက်ကနေ နိုင်ငံတကာအဆင့် ရွှေတံဆိပ်ဆုရှင်တွေဖြစ်လာအောင် ဘယ်လိုရုန်းကန်ဖြတ်သန်းကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကြည့်ရန်
🔽
⬇️
https://t.me/hdoeohjf/5329
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
🤩
https://t.me/addlist/fK1TGyQZgBdkODQ9
Comments
Be the first to add a comment