Mizzima
မန်စီးတီး လိဂ်ဖလား ကိုင်မြှောက်၊ ဆုဖလား ၄၀ ပြည့် ပက်ဂွါဒီယိုလာ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီဖို့ ဘယ်လောက်အထိ နီးစပ်သွားပြီလဲ
Marca
မုန်တိုင်းပြီးရင် လေပြေရောက်လာတတ်စမြဲပါ။ ရီးယဲလ်မက်ဒရစ်ကြောင့် ချန်ပီယံလိဂ်ကနေ ခါးသီးစွာ ထွက်ခွာခဲ့ရပြီးနောက်မှာတော့ ပက်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးဟာ အောင်မြင်မှုအသစ်တခုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ လိဂ်ဖလား (ကာရာဘောင်းဖလား) ချန်ပီယံဆုကို အရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အဆုံးသတ်မဟုတ်သေးပါဘူး။
ဂွါဒီယိုလာအတွက် နှစ်ထပ်ကွမ်းအောင်ပွဲ
ငါးမိနစ်အတွင်းမှာတင် အိုရွိုင်လီက သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာ ကီပါရဲ့ အမှားကနေတဆင့် ခေါင်းတိုက် သွင်းယူခဲ့သလို၊ ၆၅ မိနစ်မှာလည်း မားသီးယပ်စ် နူးနက်စ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကနေ နောက်ထပ် ခေါင်းတိုက်ဂိုးတဂိုးကို အပိုင်အဆုံးသတ်ခဲ့တာပါ။
ဒီအောင်ပွဲကြောင့် ပက်ဟာ စီးတီးနည်းပြအနေနဲ့ ငါးကြိမ်မြောက် လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဗိုလ်လုပွဲမှာ အာတီတာထက် ပိုကောင်းအောင် လုပ်ပြခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ နည်းပြသက်တမ်း ၁၇ ရာသီအတွင်းမှာ ၁၆ ရာသီအထိ ဆုဖလားတွေ ရယူနိုင်ခဲ့ပြီး…
Comments
Be the first to add a comment