PP LINK UPLOAD
🤩
အိန္ဒိယနိုင်ငံမှဧကရာဇ်များ၏သမိုင်းဝင်တိုက်ပွဲများ
🤩
အညွှန်းဖတ်ရန်
⬇️
⬇️
ဇာတ်လမ်းဟာ Ajmer ပြည်နယ်ကို စိုးစံပြီး နောက်ပိုင်းမှာ ဒေလီ (Delhi) ရဲ့ ဧကရာဇ် ဖြစ်လာမယ့် ဘုရင် Prithviraj Chauhan ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ သူဟာ တရားမျှတမှု၊ ကတိသစ္စာနဲ့ ရဲရင့်မှုကို အသက်ထက်တန်ဖိုးထားတဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။
တစ်ရက်မှာ Ghazni ပြည်နယ်က ရက်စက်တဲ့ စူလတန်ဘုရင် Muhammad Ghori ရဲ့ ရန်သူကို Prithviraj က ခိုလှုံခွင့်ပေးလိုက်ရာကနေ စူလတန်နဲ့ စစ်မီးစတင်တောက်လောင်ခဲ့ပါတယ်။ ပထမအကြိမ် တိုက်ပွဲမှာ Prithviraj က အနိုင်ရပြီး Ghori ကို ဖမ်းမိခဲ့ပေမယ့် သဘောထားကြီးစွာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
တစ်ဖက်မှာလည်း Kannauj ပြည်နယ်က မင်းသမီး Sanyogita နဲ့ Prithviraj တို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်း ရှိနေပါတယ်။ မင်းသမီးရဲ့အဖေ ဘုရင် Jayachand က Prithviraj ကို ရန်သူလိုသဘောထားပြီး သမီးဖြစ်သူရဲ့ ကြင်ယာတော်ရွေးပွဲမှာ Prithviraj ရဲ့ ရုပ်ထုကို နှိမ့်ချတဲ့အနေနဲ့ တံခါးစောင့်နေရာမှာ ထားခဲ့ပါတယ်။ ဒါပေမယ့် မင်းသမီး Sanyogita က ထိုရုပ်ထုကိုပဲ ပန်းကုံးစွပ်ပြီး ကြင်ယာတော်အဖြစ် ရွေးချယ်ခဲ့လို့ Prithviraj က လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် မကျေနပ်တဲ့ မင်းသမီးရဲ့အဖေဟာ ရန်သူတော် Muhammad Ghori နဲ့ လက်တွဲပြီး Prithviraj ကို လုပ်ကြံဖို့ လျှို့ဝှက်ပူးပေါင်းပါတော့တယ်။ အင်အားချင်းမမျှတဲ့ ဒုတိယအကြိမ် Tarain တိုက်ပွဲမှာတော့ Prithviraj ဘာတွေဆက်ဖြစ်မလဲ၊ သူ့ရဲ့တိုင်းပြည်နဲ့ အချစ်ကို ဘယ်လိုကာကွယ်သွားမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကြည့်ရန်
🔽
⬇️
https://t.me/c/3956649250/155
ချန်နယ်အရင်Joinပါ
⬇️
🔽
https://t.me/+uapT4wtaLq9kYjll
Comments
Be the first to add a comment