Mizzima
မြင်းခြံခရိုင်တွင် ၂ လအတွင်း စစ်ကော်မရှင်တပ်၏ ဗုံးကြဲမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး၊ မီးရှို့မှုကြောင့် အိမ် ၄,၀၀၀ ကျော်ပြာကျ
ဓာတု
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး မီးတင်ရှို့ခြင်းကြောင့် အိမ်ခြေ ၄,၀၀၀ ကျော်ပြာကျကြောင်း သိရသည်။
အဆိုပါစာရင်းများမှာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနောက်ဆုံးပိုင်းအပြီး ယခုနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ လက်ရှိ မတ်လ ဒုတိယအပတ်အထိ မဇ္ဈိမသတင်းဌာနနှင့် မြင်းခြံမြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကော်မတီမှ လက်လှမ်းမီသလောက်ကောက်ယူထားသော စာရင်းများဖြစ်သည်။
သို့သော် စာရင်းများမှာ မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း အဆိုပါအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္ဈိမသို့ပြောသည်။ “ဗုံးကြဲလို့မီးလောင်တာနဲ့တင် အိမ်ပေါင်း ၂၀၀ ကျော်ပျက်စီးတယ်။ အိမ်ခြေ ၄,၀၀၀ အထက်ဆိုတာက ရွာတွေကို မီးလိုက်ရှို့တဲ့စာရင်းပါ၊ အဲ့ဒီအထဲ ဘုရားစေတီပုထိုး၊ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတချို့လည်းပါတယ်။ သေဆုံးတဲ့ ၁၀၀ ကျော်မှာ လသားအရွယ်လည်းပါတယ်။ နောက်…
Comments
Be the first to add a comment