Mizzima
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ၂၀၂၇ အာရှဖလား အုပ်စုမဲခွဲပွဲ ရွှေ့ဆိုင်း
AFP
အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲတွေကြောင့် ဆော်ဒီအာရေးဗီးယားမှာ ကျင်းပဖို့ရှိတဲ့ ၂၀၂၇ အာရှဖလားပြိုင်ပွဲအတွက် ရှေ့လမှာပြုလုပ်မယ့် အုပ်စုမဲခွဲပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင်တိုက်ခိုက်လိုက်တဲ့ စစ်ဆင်ရေးနောက်ပိုင်း ဒေသတွင်း ကလပ်အသင်းပြိုင်ပွဲတွေမှာလည်း အနှောင့်အယှက်တွေ ကြုံနေရပြီးနောက် AFC အနေနဲ့ မဲခွဲပွဲလုပ်မယ့် ရက်စွဲအသစ်ကို ချက်ချင်း သတ်မှတ်နိုင်ခြင်း မရှိသေးပါ။
မူလက အဆိုပါ အုပ်စုမဲခွဲမှုကို ဧပြီလ ၁၁ ရက်နေ့မှာ ရီယာ့ဒ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ “သက်ဆိုင်သူအားလုံး အနှောင့်အယှက်မရှိ တက်ရောက်နိုင်စေဖို့ သေချာစဉ်းစား သုံးသပ်ပြီးနောက်” အခုလို ရွှေ့ဆိုင်းခဲ့တာလို့ AFC က ဆိုပါတယ်။
ဒါ့အပြင် “နောက်ဆုံးအဆင့် မဲခွဲမှုအတွက် အစီအစဉ်သစ်တွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အခြေအနေတွေကို သင့်တော်တဲ့အချိန်မှာ ထပ်ပြီး အသိပေးသွားမယ်” လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
၁၉ ကြိမ်မြောက် အာရ…
Comments
Be the first to add a comment