Mizzima
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် မြန်မာ့ စားနပ်ရိက္ခာမလုံခြုံမှုကို ပိုမိုဆိုးရွားစေမည်ဟု WFP သတိပေး
001
မဇ္ဈိမ။ ။ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ထပ်ဆင့်ရိုက်ခတ်မှုများသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည်။
WFP ၏ မတ် ၂၇ ရက် ထုတ်ပြန်ချက်တွင် ထိုသို့သတိပေးထားခြင်းဖြစ်ပြီး၊ လက်ရှိ ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းသည် ထိခိုက်လွယ်သော မိသားစုများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေစေကြောင်း ဆိုသည်။
ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းသည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကုန်စည်များ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေကြောင်း၊ ယင်းသည် အခြေခံစားနပ်ရိက္ခာကိုပင် မနည်းဖြေရှင်းနေရသည့် မိသားစုများအပေါ် ထပ်ဆင့်ဝန်ပိစေကြောင်း WFP က ပြောသည်။
ထို့ပြင် အဆိုပါ အကျပ်အတည်းသည် မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ တောင်သူများကိုလည်း ရိုက်ခတ်လျက်ရှိကာ …
Comments
Be the first to add a comment