ရှုံးပွဲ ထပ်ကြုံပြီး အမှတ်လျော့ပြန်တဲ့ ချယ်လ်ဆီး

အက်စတွန်ဗီလာ ၂-၁ ချယ်လ်ဆီး (Full-time)
အဆန်စီယို ၅၇'၊ ၈၉' ⚽️ အန်ဇိုဖာနန်ဒက်ဇ် ၉'

အာဆင်စီယိုရဲ့ နှစ်ဂိုးကြောင့် အက်စတွန်ဗီလာအသင်း ချယ်လ်ဆီးကို အနိုင်ရရှိခဲ့ပါတယ်။ ဗီလာက ပနလာ်ုနိုင်ခဲ့ပြီး အဆင့်ခုနစ်နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လူစားဝင်လာတဲ့ ရပ်ရှ်ဖို့ဒ်က နှစ်ကြိမ်ဖန်တီးသွားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အဆင့်လေးနေရာနဲ့ တမှတ်အကွာမှာရှိပြီး အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်နဲ့ ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ချယ်ဆီးဟာ ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲတပွဲမှာ short on target တကြိမ်တောင် မရခဲ့ပါဘူး။
Photos: EPA/EPL

Comments

Be the first to add a comment