Mizzima
တောင်ငူ စစ်လက်နက်ပစ္စည်းတပ်ခွဲအား ရှော့တိုက်ဒုံး ၁၀ လုံးနီးပါးဖြင့် ပစ်ခတ်ဟုဆို
ပါခွီး
မဇ္ဈိမ ။ ။ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် စစ်ကော်မရှင်တပ်၏ တောင်ပိုင်းတိုင်း စစ်လက်နက် ပစ္စည်းတပ်ခွဲ အမှတ်(၈၄၈) ကို ရှော့တိုက်ဒုံး ကိုးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BWM တပ်ဖွဲ့ထံက သိရသည်။
ထိုတပ်ခွဲရှိ လက်နက်ဂိုဒေါင်များကို ယနေ့ (မတ်လ၁၅ရက်) နံနက် ၂နာရီ ၄၄မိနစ်အချိန်တွင် ၁၀၇မမ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ဆိုသည်။
“အလုံးတိုင်းအောင်လို့ အတော်အားရတဲ့ မစ်ရှင်လို့ပြောရမယ်။ ကိုးလုံးထဲက Error တက်ချင် (မကောင်းဖြစ်ချင်) တဲ့ တလုံး ကို Direction (ဦးတည်ရာ) ပြောင်းပြီး ကျွန်တော်တို့ပစ်ခတ်ရာ ခပ်လှမ်းလှမ်းမှာ တပ်စွဲထားတဲ့ နေရာကို ဝင်ရောက် ပေါက်ကွဲတာမို့အားရတယ်။ အလုံးတိုင်း အကျိုးရှိတဲ့ Target (ပစ်မှတ်) ထိမယ်လို့ယုံကြည်တယ်ခင်ဗျ” ဟု ၎င်းက မဇ္ဈိမ ကိုပြောသည်။
ဂိုဒေါင်များတွင် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) ထုတ် လက်နက်များ ၊ နိုင်ငံခြားမှ ဝယ်ယူဖြည့်တင်းထားသောလက်နက်များ အပြင် တော်လှန်ရေးတပ်ဖွဲ့များထံက သိမ်းဆည်းရမိသည့်…
Comments
Be the first to add a comment