အခင်းဖြစ်ပွားရာနေရာအနီးတွင် ဓားတချောင်း တွေ့ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း တိုကျိုမြို့ပြရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကျူးကျော်ဝင်ရောက်သူသည် တရုတ်သံတမန်များကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းနှင့် ဂျပန်အစိုးရထံ ပြင်းထန်စွာ ကန့်ကွက်ထားကြောင်း တရုတ်အစိုးရက ပြောကြားသည်။

"ကျွန်တော့်ရဲ့ အမြင်တွေကို သံအမတ်ကြီးဆီ တင်ပြဖို့ ကြိုးစားခဲ့တာပါ၊ တကယ်လို့ ကျွန်တော့်ရဲ့ အကြံအစည်တွေ ငြင်းပယ်ခံရရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး သူတို့ကို အံ့အားသင့်သွားအောင်လုပ်ဖို့ စီစဉ်ထားတာပါ" ဟု မူရာတာက စုံစမ်းစစ်ဆေးသူများအား ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ကိုးကားဖော်ပြခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိုကျို
#တရုတ်
#သံရုံးအတွင်း
#ကျူးကျော်ဝင်ရောက်မှု
#ဂျပန်စစ်ဗိုလ်
#ဖမ်းဆီးခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment