စစ်ကော်မရှင် စီစဉ်သည့် မော်တော်ယာဉ်များကို Qr Code စနစ်ဖြင့် စက်သုံးဆီရောင်းချပေးမည့်ကိစ္စ အွန်လိုင်းတွင် အဆဲခံနေရသည်ဟုဆိုကာ ဝေဖန်သူများအား “အပြစ်ပြောဖို့ပဲ ကြိုးစား”သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တုံ့ပြန်သည်။

ယနေ့(မတ် ၁၃ရက်) နံနက်ပိုင်းက နေပြည်တော်တွင် စစ်ကော်မရှင်က ပြုလုပ်သည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်” အခမ်းအနားတွင် မိန့်ခွန်းပြောရာ၌ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“စွမ်းအင်ဝန်ကြီး ကျွန်တော့်ကိုလာသတင်းပို့တယ်။ ကျွန်တော် Qr Code နဲ့ လုပ်မယ်တဲ့။ လုပ်ပါပေါ့ Qr Code နဲ့ ၊ အခုလည်း အွန်လိုင်းမှာ ဆဲနေကြတာပဲ။ သူတို့က ကျွန်တော်တို့က တခုခုလုပ်ပြီဆိုတာနဲ့ နိုင်ငံကို အပြစ်ပြောဖို့ပဲ ကြိုးစားတယ်။ ဘာကြောင့်ဆိုတာလည်း မစဉ်းစားဘူး ” ဟု စစ်ခေါင်းဆောင်က ပြောသည်။

Read more: https://bur.mizzima.com/2026/03/13/84866

Comments

Be the first to add a comment