အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒုတိယသီတင်းပတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ပါရှန်းပင်လယ်ကွေ့မြောက်ပိုင်းတွင် တည်ရှိပြီး မဟာဗျူဟာအရ အရေးပါသော အီရန်၏ ခါ့ဂ်ကျွန်းကို အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက ယခုအချိန်အထိ တိုက်ခိုက်ခြင်းမပြုသေးပေ။
အီရန်ကမ်းရိုးတန်းမှ ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသော ယင်းကျွန်းသည် အီရန်ရေနံလုပ်ငန်း၏ အဓိကဗဟိုချက်ဖြစ်သည်။
စီးပွားရေးအရ အလွန်အရေးပါလှသဖြင့် ခါ့ဂ်ကျွန်းသည် စစ်ရေးအရ တိုက်ခိုက်ခံရနိုင်ခြေ အလွန်များပြားသော်လည်း ယင်းကျွန်းကို သိမ်းပိုက်ရန်မှာ မြေပြင်ထိုးစစ်လိုအပ်မည်ဖြစ်သဖြင့် အမေရိကန်က ဝန်လေးနေပုံရကြောင်း လေ့လာသူများက သုံးသပ်နေသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/09/84400#အီရန်
#ရေနံအသက်သွေးကြော
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews