အီရန်ကို အပြင်းအထန် အရေးယူမည့် နောက်ဆုံးသတ်မှတ်ရက်ကို အမေရိကန်က ထပ်မံရွှေ့ဆိုင်းလိုက် ခြင်းကြောင့် ရေနံဈေးနှုန်းများအနည်းငယ်ကျဆင်းသွားရာ သောကြာနေ့တွင် အာရှရှယ်ယာဈေးကွက် အရှုံးပေါ်မှုများ ပြန်လည်သက်သာရာရခဲ့သော်လည်း ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်နေသည့် စွမ်းအင်အကျပ်အတည်းမှာ ဆုံးခန်းတိုင်မည့် အရိပ်အယောင် မတွေ့ရသေးပေ။

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ငွေဖောင်းပွမှုအန္တရာယ် ပြန်လည်မြင့်တက်လာသည့်အတွက် OECD အဖွဲ့သည် ဂျီ-၂၀ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ယခုနှစ် ငွေဖောင်းပွမှုခန့်မှန်းချက်ကို ဒီဇင်ဘာလက ခန့်မှန်းခဲ့ သည့် ၂ ဒသမ ၈ ရာခိုင်နှုန်းအစား ၄ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှုန်းကို ၂ ဒသမ ၉ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲခြင်းမရှိဘဲ ထားရှိခဲ့သည်။

အီရန်စစ်ပွဲက ဇွန်လအထိ ကြာမြင့်ပြီး ဟော်မုဇ်ရေလက်ကြား ဆက်လက်ပိတ်ထားပါက ရေနံဈေးနှုန်း သည် တစည်လျှင် ဒေါ်လာ ၂၀၀ အထိ စံချိန်တင် မြင့်တက်သွားနိုင်ကြောင်း Macquarie Group မှ လေ့လာဆန်းစစ်သူများက သောကြာနေ့တွင် သတိပေးခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်…

Comments

Be the first to add a comment