ထရမ့်အစိုးရသည် တိဗက်အရေးဆိုင်ရာ အမေရိကန်အထူးညှိနှိုင်းရေးမှူးရာထူးအတွက် သံတမန်တဦးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြေညာလိုက်သည်။

၂၀၀၂ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က စတင်သတ်မှတ်ခဲ့သော အဆိုပါရာထူးအတွက် လက်ရှိတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ရိုင်လေဘန်းစ်ကို ခန့်အပ်မည်ဖြစ်သည်။

"ဒီ မီးမြင်းနှစ်ရဲ့ ပထမဆုံးနေ့မှာ ကမ္ဘာတဝန်းမှာရှိတဲ့ တိဗက်လူမျိုးတွေရဲ့ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်ရှိမှုကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ တိဗက်လူမျိုးတွေရဲ့ ငြင်းပယ်လို့မရတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရဲ့ သီးခြားဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ်တွေကို ပံ့ပိုးကူညီဖို့ အမေရိကန်က သန္နိဋ္ဌာန်ဆက်ချထားပါတယ်" ဟု ရူဘီယိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိဗက်
#လူ့အခွင့်အရေးဆိုင်ရာ
#အမေရိကန်
#အထူးသံတမန်သစ်
#ထရမ့်အစိုးရ
#ခန့်အပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------

Comments

Be the first to add a comment