Mizzima
အင်ဒို-ပစိဖိတ်ဒေသတလျှောက် တရုတ်က ယင်း၏နယ်မြေချဲ့ထွင်လိုသော အသွင်အပြင်ကို ပိုမိုပြသလာသည်နှင့်အမျှ ဂျပန်အနေဖြင့် တရုတ်၏ နယ်ချဲ့ရေးဝါဒနှင့် ဒေသတွင်းနိုင်ငံငယ်များအကြား "အကာအကွယ်တံတိုင်း" အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ထားသည်။ ၂၀၂၆ ၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျင်းပသော ဂျပန်-ပစိဖိတ်ကျွန်းစုနိုင်ငံများ ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇုမီက ပစိဖိတ်ကျွန်းစုနိုင်ငံ ၁၄ နိုင်ငံမှ ကိုယ်စားလှယ်များထံသို့ အဆိုပါအဓိကကျသော သတင်းစကားကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသည် သာမန်သံတမန်ရေးအရ စကားလှအောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ မူဝါဒပိုင်းဆိုင်ရာ အချက်ပြမှုတခုလည်း ဖြစ်သည်။ အမေရိကန်၏ ၂၀၂၅ အမျိုးသားလုံခြုံရေး မဟာဗျူဟာနှင့် ၂၀၂၆ အမျိုးသားကာကွယ်ရေး မဟာဗျူဟာတို့အရ အမေရိကန်သည် အနောက်ပစိဖိတ်ဒေသအပေါ် အာရုံစိုက်အလေးထားမှုကို အတည်ပြုခဲ့သော်ငြား လုံခြုံရေးဆိုင်ရာ တာဝန်ယူမှုကိုမူ သက်ဆိုင်ရာ နိုင်ငံအသီးသီးအပေါ်သို့ ခွဲဝေချထားပေးခဲ့သည်။ ထိုအခြေအနေတွင် ဂျပန်သည် လုံခြုံရေးအတွက် ဒေသတွင်း ခေါင်းဆောင်မှုကဏ္ဍတွင် ကိုယ့်ကိုယ်ကိုယ် နေရာယူလာခဲ့သည်။…
Comments
Be the first to add a comment