ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြီးမားသည့် ကန့်ကွက်မှုများမရှိဟု စစ်ခေါင်းဆောင်ဆို

001

မဇ္ဈိမ။ ။ ရွေးကောက်ပွဲအား ဝေဖန်ပြောဆိုသူများကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးထောင်ချခဲ့သည့် စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြီးမားသည့် ကန့်ကွက်မှုများမရှိဟု ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) က ပြောသည်။

စစ်ခေါင်းဆောင်နှင့် ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည် တော် ၊ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်တွင် တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

“ယခုအချိန်ထိ အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြီးမားသည့် ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲတရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ မကြာမီကာလအတွင်း လွှတ်တော်ကျင်းပဆောင်ရွက်သွားမည့်အခြေအနေများ” ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို မြို့နယ် ၂၆၃ မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစပြီး…

Comments

Be the first to add a comment