လက်ဖက်ခြံထဲကသရဲမကြီး🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီး
ဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီ
လိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့
သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလို
ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်
အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီး
Honey moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတို
ဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတု
မကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေ
ဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းက
ပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေ
ခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူက
သူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေ
စံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။
ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။
ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာ
ဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်း
အဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိ
တန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာ
တန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။

ကြည့်ရန်🔽⬇️
https://t.me/Yyyyyy088/3711

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment