ယမန်နှစ်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မသမာမှု ပြုလုပ်ခဲ့ခြင်းအတွက် eSports ကစားသမား နှစ်ဦးကို မတ်လ ၁၇ ရက်တွင် ထိုင်းတရားရုံးက ချုပ်နှောင်ပြစ်ဒဏ် သုံးလ စီရင်ချက် ချမှတ်ခဲ့သည်။

ထိုင်းဂိမ်းကစားသမားများဖြစ်ကြသော နာဖတ် ဝါရာဆင်နှင့် ကုန်း ဆတ်ပရွန်းတို့သည် "နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်လေးစားခံရမှုကို ထိခိုက်စေခဲ့သည်" ဟု တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#SEA_Games
#မသမာသောနည်း
#သုံးသည့်
#ထိုင်း_eSports
#ကစားသမားများ
#ပြစ်ဒဏ်ချမှတ်ခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------

Comments

Be the first to add a comment