၆၇ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ ဆုရရှိသူများ
ကမ္ဘာ့ဂီတလောကအတွက် အထင်ကရအရေးအကြီးဆုံးဖြစ်တဲ့ ၆၇ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ
Crypto.com Arena မှာ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္ဂနွေနေ့ညက ကျင်းပခဲ့ပါတယ်။ ဒီနှစ်ပွဲမှာတော့ Beyonce က Cowboy Carter album နဲ့ Album Of The Year ရသွားပြီး သူမရဲ့ အနုပညာသက်တမ်း နှစ် ၃၀ အတွင်းမှာ ပထမဆုံး Album Of The Year ဖြစ်ခဲ့တာပါ။ ဒါ့ပြင် သူမက Best Country Duo/Group ဆုနဲ့အတူ Genre အများဆုံး ဆုရတဲ့ အမျိုးသမီးအဆိုတော် စံချိန်ကို ထပ်တိုးလိုက်ပါတယ်။ အကောင်းဆုံး Record ဆုနဲ့ အကောင်းဆုံး တေးသီချင်းဆုကို အမေရိကန် အဆိုတော် Kendrick Lamar က ရရှိပြီး အကောင်းဆုံးတက်သစ်စအနုပညာရှင်ဆုကိုတော့ အဆိုတော် Chappell Roan က ရရှိခဲ့ပါတယ်။(Photo: EPA/AFP)
ဂရမ်မီဆုရရှိသူများ စာရင်းအပြည့်အစုံ -
https://www.facebook.com/share/p/19wu9E9m1x/