🤩​တရားရုံးထဲက သွေးစွန်းခဲ့တဲ့ လက်စားချေပွဲ🤩

အညွှန်းဖတ်ရန်
⬇️⬇️
ဇာတ်လမ်းဟာ တရားရုံးတစ်ခုအတွင်း လူအုပ်ကြီးက လူဆိုးဂိုဏ်းခေါင်းဆောင် Balli Chaudhary ကို ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်လိုက်တဲ့ မြင်ကွင်းနဲ့ စတင်ပါတယ်။ Balli ဟာ ရပ်ကွက်ထဲက Dalit (အိန္ဒိယရဲ့ အနိမ့်ဆုံး ဇာတ်နိမ့်အလွှာ) အမျိုးသမီး ရာပေါင်းများစွာကို ဆယ်စုနှစ်တစ်ခုမက အဓမ္မပြုကျင့်၊ နှိပ်စက်ပြီး ငွေညှစ်ခဲ့တဲ့ ရာဇဝတ်ကောင်တစ်ဦး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း သူ့ဆီက လာဘ်ယူပြီး ကာကွယ်ပေးထားတာကြောင့် အမျိုးသမီးတွေဟာ ဘယ်လိုမှ မခံမရပ်နိုင်ဖြစ်ပြီး နောက်ဆုံးမှာ ကြောက်စိတ်ကို ဖျောက်ကာ တရားရုံးထဲအထိ ဓားတွေ၊ ငရုတ်သီးမှုန့်တွေနဲ့ ဝင်ရောက်ပြီး ကိုယ်တိုင်စီရင်ချက် ချလိုက်ကြတာပါ။
ဒီလူသတ်မှုကြောင့် ရဲတွေက ရပ်ကွက်ထဲက အမျိုးသမီး ၅ ယောက်ကို တရားခံအဖြစ် မတရား ဖမ်းဆီးလိုက်ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ အမျိုးသမီးအခွင့်အရေး ကော်မရှင်ကနေ အငြိမ်းစား တရားသူကြီးချုပ် Vitthal Daangle (Amol Palekar) ဦးဆောင်တဲ့ အချက်အလက်ရှာဖွေရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဇာတ်နိမ့်အလွှာက တက်ကြွလှုပ်ရှားသူ မိန်းကလေး Asha Surve နဲ့ ရှေ့နေငယ် Umesh Joshi တို့က ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေဘက်ကနေ ဘယ်လို ကာကွယ်ခုခံပေးမလဲ၊ တရားသူကြီးချုပ်ကကော ဥပဒေနဲ့ လူသားချင်းစာနာမှုကြား ဘယ်လို ဆုံးဖြတ်မလဲဆိုတာကို ရင်သပ်ရှုမောဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/c/3412981155/1867

ချန််နယ်အရင်Joinပါ
⬇️🔽
https://t.me/+DOTZ-GT1GapmNGRl

Comments

Be the first to add a comment