မြန်မာအလုပ်သမားတွေမှာ အားလုံးလိုလို ထူးထူးခြားခြား တွေ့ရတာက အိမ်ပြန်ဖို့ မတတ်နိုင်ကြတာဖြစ်တယ်လို့ အစ္စလာမ်ရှားက ဆိုပါတယ်။ သူတို့က အလုပ်ပြုတ်ပြီး နေရပ်ပြန်ပို့ခံရမယ့် အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြပါဘူး။ စင်ကာပူရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံကနေ ထွက်ခွာချင်ရုံတင် သက်သက်မဟုတ်ဘဲ မိခင်နိုင်ငံကို ပြန်မသွားချင်ကြတဲ့အထိ ဆိုးဆိုးဝါးဝါး မျှော်လင့်ချက်မဲ့နေကြကြောင်း ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

ဒီအတွက် စိတ်မကောင်းစရာက မြန်မာအလုပ်သမားတွေဟာ အလုပ်မပြုတ်ဖို့အတွက် သူတို့တတ် နိုင်သမျှ ခိုင်းသမျှအားလုံးကို လုပ်ကြရပါတော့တယ်။ တိုင်းပြည် အခြေအနေကြောင့် အစုလိုက် အပြုံလိုက် နိုင်ငံကနေ ထွက်ခွာနေကြတာဖြစ်ပြီး အားလုံးလိုလိုဟာ အားကိုးရာမဲ့ မျှော်လင့်ချက် ကုန်ဆုံးနေကြပါတယ်။

စင်ကာပူဥပဒေအရ ရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်ထုတ်ခံရရင်ဖြစ်ဖြစ်၊ အလုပ်ပါမစ်သက် တမ်းကုန်ရင်ဖြစ်ဖြစ် နေရပ်ကို မဖြစ်မနေပြန်ကြရတာကြောင့် အလုပ်အကိုင်မမြဲတော့ရင် နေရပ်ပြန်ရမှာကို မြန်မာအလုပ် သမားတွေက စိုးရိမ်ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် အလုပ်အကိုင်ကို အထိခိုက်မခံနိုင်သလို၊ ကျပ်တည်းတဲ့ အိမ်ကမိသားစုတွေဆီ…

Comments

Be the first to add a comment