တရုတ်နိုင်ငံ၏ စားသုံးသူ ကုန်စျေးနှုန်းဖောင်းပွမှုသည် ဖေဖော်ဝါရီလတွင် သုံးနှစ်အတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့ပြီး စက်ရုံထွက်ကုန်စျေးနှုန်းများ ကျဆင်းမှုမှာတော့ လျော့နည်းသွားကြောင်း မတ်လ ၉ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ပြသနေသည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာသည့် အဓိကအညွှန်းကိန်းဖြစ်သော စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) သည် ဇန်နဝါရီလတွင် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် ယခင်နှစ် အလားတူကာလထက် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဌာန (NBS) အရ သိရသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/10/84518

#တရုတ်
#စားသုံးသူစျေးနှုန်း
#ဖောင်းပွမှု
#အမြင့်ဆုံးသို့ရောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------

Comments

Be the first to add a comment