"အင်အားသုံးတာမျိုးက ပြဿနာတွေကို အမှန်တကယ် မဖြေရှင်းနိုင်ပါဘူး၊ အဲဒီအစား ပြဿနာအသစ်တွေကိုပဲ ဖန်တီးလေ့ရှိပြီး ရေရှည် ဆိုးကျိုးတွေ ကျန်ရစ်စေတယ်၊ စစ်ရေးအင်အားရဲ့ စစ်မှန်တဲ့တန်ဖိုးဟာ စစ်တလင်းပေါ်မှာ မဟုတ်ဘဲ စစ်ပွဲကို တားဆီးနိုင်ခြင်းမှာသာ ရှိပါတယ်" ဟု ဝမ်ယိက ဂီဒီယွန်ဆားအား ဖုန်းမှတဆင့် ပြောကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အင်္ဂါနေ့က ယခု ဖုန်းပြောဆိုမှုသည် တရုတ်ထိပ်တန်း သံတမန် ဝမ်ယိက ပြင်သစ်၊ အိုမန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးများနှင့် တနင်္လာနေ့က ဖုန်းခေါ်ဆိုမှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို ဖုန်းပြောဆိုများတွင် ဝမ်ယိက ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ညီညီညွတ်ညွတ် ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/04/83749#အီရန်
#အစ္စရေး
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews