Pp Movie Uploader
🤩
အမေ့ရဲ့ရုပ်အလောင်းကို ကြောင်နက်တကောင်ကျော်သွားတဲ့အခါ
🤩
အညွှန်းဖတ်ရန်
⬇️
⬇️
ဇာတ်လမ်းကတော့ မိခင်ဖြစ်သူ Linda နဲ့အတူ နေထိုင်တဲ့ Ira ဆိုတဲ့ မိန်းကလေးတစ်ယောက်ကနေ စတင်ပါတယ်။ တစ်ရက်မှာတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ မိခင်ဖြစ်သူ Linda ဟာ စုန်းပူးသလိုလို၊ ရူးသွန်းသလိုလို ဖြစ်လာပြီး ထူးဆန်းတဲ့ ဝေဒနာတွေ ခံစားရကာ စိတ္တဇ အာရုံချောက်ခြားမှုတွေ ဖြစ်လာပါတော့တယ်။
မိခင်ရဲ့ အခြေအနေကို တစ်ယောက်တည်း မထိန်းချုပ်နိုင်တော့တဲ့ Ira ဟာ မောင်နှမတွေဖြစ်ကြတဲ့ Ara နဲ့ Ari တို့ကို အိမ်ပြန်လာပြီး ဝိုင်းပြုစုပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာလွှဲခဲ့ပြီး မိခင် Linda တစ်ယောက် ဆိုးဆိုးဝါးဝါး ခံစားရပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။
အလှည့်အပြောင်းက မိခင်ရဲ့ ဈာပနနေ့မှာ စတာပါ။ အလောင်းကို ကျော်ဖြတ်ပြီး ကြောင်နက်တစ်ကောင် ခုန်ကူးသွားခဲ့ပြီးနောက် သေဆုံးသွားတဲ့ Linda ဟာ အံ့ဩဖွယ်ကောင်းလောက်အောင် အသက်ပြန်ရှင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ မိခင်ရင်းတစ်ယောက်လို ပြန်ဖြစ်လာတယ်လို့ ထင်ရပေမဲ့ မကြာခင်မှာပဲ သူမရဲ့ သားသမီးတွေကို နည်းမျိုးစုံနဲ့ စတင်ခြောက်လှန့်ပြီး သွေးပျက်အောင် လုပ်လာပါတော့တယ်။
တကယ်တော့ Linda အပေါ်ကို ကျရောက်နေတဲ့ ကျိန်စာတစ်ခု ရှိနေပြီး၊ အဲဒီကျိန်စာကြောင့် ပူးကပ်နေတဲ့ မိစ္ဆာက Linda ရဲ့ သွေးမျိုးဆက် (သားသမီးတွေ) အားလုံးကို အပြတ်ရှင်းပစ်ဖို့ ကြိုးစားနေတာကို Ira တို့ မောင်နှမတွေ သိရှိသွားတဲ့အခါမှာတော့...။
ကြည့်ရန်
🔽
⬇️
https://t.me/NaytoeCar/4974
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
🤩
https://t.me/addlist/fK1TGyQZgBdkODQ9
1 comment
Nay Lin Htake
Jul 19
4974