Mizzima
“ဒါပေမဲ့ အီရန် ဒါမှမဟုတ် တခြား ဘယ်သူမဆို ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ လွတ်လပ်ဘေးကင်းစွာ ဖြတ်သန်းသွားလာမှုကို နှောင့်ယှက်တာမျိုး လုပ်လာမယ်ဆိုရင်တော့ ကျွန်တော် ဒီ ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်လည်သုံးသပ်မှာပါ” ဟု ထရမ့်က ရေးသည်။ ထရမ့်၏ ထိုသို့ သတိပေးချက်ကြောင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က သမိုင်းတလျှောက် အကြီးမားဆုံး ရေနံဈေးကွက်အဝင် ပြတ်တောက်မှု ကြုံနေရသည်ဟု ဆိုထားသော ရေနံဈေးကွက်အား ပိုမို လှုပ်ခတ်သွားစေသည်။
ကမ္ဘာ့ရေနံ ငါးပုံတပုံ ဖြတ်သန်းရာလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများကို အီရန်က တိုက်ခိုက်လာသည့် စစ်ပွဲက ဘယ်လောက် ကြာဦးမည်နည်းနှင့် ပတ်သက်ပြီး ထရမ့်က မှတ်ချက် အမျိုးမျိုး ပေးနေ၍ ရေနံဈေးကွက်မှာ အတက်အကျ ကြမ်းလျက်ရှိသည်။ စစ်ပွဲက ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်မည်ဟု ထရမ့်က ပြောဆိုထားဖူးသော်လည်း သောကြာနေ့တွင်မူ ပဋိပက္ခ ပြီးဆုံးမည့်ရက်ကို လူသိရှင်ကြား ခန့်မှန်းပြောဆိုရန် ငြင်းဆိုခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#ရေနံဗဟိုချက်
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment