(မဇ္ဈိမ) ။ ။ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် မူးယစ်ဂိုဏ်းတခု ဖမ်းမိခြင်းနှင့်ပတ်သက်၍ အာရက္ခတပ်တော် (AA) နှင့်ပတ်သက်ကြောင်း စွပ်စွဲချက်သည် ယုတ္တိမရှိသော "နိုင်ငံရေးသိက္ခာ" ချသည့် လုပ်ရပ်တခုသာဖြစ်ကြောင်း ULA/AA က မတ်လ ၁၉ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် မတ်လ ၁၉ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန်၌ မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလံကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ လူ ၁၄ ဦးကို ဖမ်းဆီးရမိကာ ဆက်စပ်သူ သုံးဦးကို ဖမ်းမမိသေးကြောင်း ဖော်ပြထားသည်။ ထို ဖမ်းမမိသူ သုံးဦးအနက် ရဲဝင်း(ခ) ကျော်စိုးလင်း မှာ AA စီးပွားရေးတာဝန်ခံ ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

အာရက္ခတပ်တော် (AA) ဘက်ကမူ စစ်ကောင်စီသတင်းစာပါ စွပ်စွဲချက်နှင့် ၎င်းတို့အဖွဲ့အစည်းကြား မည်သို့မျှ ဆက်စပ်မှုမရှိကြောင်း ဆိုသည်။

ထို့ပြင် အွန်လိုင်းလောင်းကစားများသည် စစ်ကောင်စီထိန်းချုပ်ထားသည့် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်ကဲ့သို့သော နေရာများ၊ ပြည်သူ့စစ်နှင့် အဂတိလိုက်စားသည့် စစ်ဗိုလ်ချုပ်ကြီးများ ကြီးစိုးသောနေရာများတွင် အဓိက တွေ့ရလေ့ရှိသဖြင့် ထိုလောင်းကစားနှင့် မူးယစ်ဆေးဝါး .... Read more: https://bur.mizzima.com/2025/03/20/49926

Comments

Be the first to add a comment