Mizzima
ကမ္ဘာတဝန်း လက်နက်ကုန်သွယ်မှုတွင် မြန်မာကုမ္ပဏီ Synpex Shwe ပါဝင်နေကြောင်း JFM ဖော်ထုတ်
ရောင်နီ
မဇ္ဈိမ ။ ။ အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ထံ ရဟတ်ယာဉ်အစိတ်အပိုင်းများနှင့် လေယာဉ်ပစ္စည်းများ တင်သွင်းခဲ့သည့် မြန်မာစစ်လက်နက်ပွဲစား Synpex Shwe ကုမ္ပဏီသည် ကမ္ဘာတဝန်း လက်နက်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) က ယမန်နေ့ ( မတ်လ ၂၃ ရက်) တွင် ထုတ်ပြန်ထားသည်။
Conflict Armament Research (CAR) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် Synpex Shwe (SS) ကုမ္ပဏီနှင့် အီရတ်-ဆီးရီးယားနယ်စပ်အနီး တိုက်ခိုက်မှုတွင် အီရန်ထုတ် Sayyad-107 ဒရုန်းတစင်းမှ သိမ်းဆည်းရမိသော မော်တာတခုတို့အကြား ဆက်စပ်နေသည့် ထောက်ပံ့ရေးကွင်းဆက်တခုကို ဖော်ထုတ်ထားကြောင်း JFM က ဆိုသည်။
အဆိုပါမော်တာသည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှ ဟောင်ကောင်အခြေစိုက် ဖြန့်ချိရေးကုမ္ပဏီတခုသို့ ပို့ဆောင်ခဲ့သော ကုန်စည်တင်ပို့မှုကြီးတခု၏ အစိတ်အပိုင်းဖြစ်ပြီး၊ ဝယ်ယူသူအဖြစ် Synpex Shwe ၏ စင်ကာပူရုံးခွဲကုမ္ပဏီ Synpex Shwe Pte. Ltd. (Synergy Tripexin Pte. Ltd) ဟု ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်မှ…
Comments
Be the first to add a comment