ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားရန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ဆောင်သည့် သင်္ဘောများကို ဖြတ်သန်းခွင့်ပြုရန်နှင့် စွမ်းအင်ထောက်ပံ့ရေးပစ္စည်းများ ပါသော သင်္ဘောများကို တိုက်ခိုက်ခြင်းမပြုရန် တရုတ်အစိုးရက အီရန်အရာရှိများကို ဖိအားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီများမှ အမည်မဖော်လိုသည့် အကြီးတန်းအမှုဆောင်များက အင်္ဂါနေ့ (မတ်လ ၃ ရက်) တွင် Bloomberg သို့ ပြောသည်။
တရုတ်သည် စွမ်းအင်တင်သွင်းမှုအများစုအတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့် သဘာဝဓာတ် ငွေ့များအပေါ် များစွာမှီခိုနေရသည်။ အလားတူ အီရန်ကလည်း ပိတ်ဆို့အရေးယူခံထားရသော ရေနံများကိုရောင်းရန် တရုတ်ရေနံချက်စက်ရုံများအပေါ် အကြီးအကျယ်မှီခိုနေရပြီး ရေနံ ၈၀ ရာခိုင်နှုန်းကျော်မှာ တရုတ်သို့ တင်ပို့နေခြင်းဖြစ်သည်။ Read more:
https://bur.mizzima.com/2026/03/03/83693