ဂျပန်နိုင်ငံ တိုကျိုမြို့ ကိုဂါနဲအိနှင့် မူဆာရှီနိုမြို့နယ်ရှိ အဆောက်အဦတခုတွင် ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသခွဲစိတ်မှုများပြုလုပ်ခဲ့သည့်အတွက်ဟုဆိုကာ အလှအပရေးရာမြန်မာဆရာဝန်နှစ်ဦး ဖမ်းဆီးခံရကြောင်း ဂျပန်သတင်းဌာနတွင် ယနေ့ (မတ်လ ၅ရက်) က ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများမှာ ကြည်ချမ်းကို အသက် ၄၁ နှစ်နှင့် စောဝင်းနိုင် ဆိုသူတို့ဖြစ်ပြီး ၂၀၂၅ခုနစ် မေလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ဆရာဝန်လိုင်စင်မရှိဘဲ မြန်မာလူမျိုးအသက်၃၀ကျော်အရွယ်အမျိုးသမီးသုံးဦးကို အပေါ်မျက်ခုံးခွဲစိတ်ခြင်း၊နှစ်ထပ်မျက်ခုံးခွဲစိတ်မှုအပါအဝင် ဆေးဘက်ဆိုင်ရာလုပ်ဆောင်ချက်ကို (၅) ကြိမ်တိုင်ပြုလုပ်ခဲ့သည်ဟုသံသယရှိခြင်းကြောင့်ဖမ်းဆီးခံခဲ့ရကြောင်းဖော်ပြထားသည်။
၂၀၂၅ခုနှစ်ဇွန်လတွင်အဆိုပါခွဲစိတ်မှုပြုလုပ်ခဲ့သည့် အသက်၃၀ အရွယ် မြန်မာအမျိုးသမီးတဦးမှခွဲစိတ်ပြီးနောက်မျက်လုံးဖွင့်ရခက်ခဲသည်ဟုတိုင်ကြားရာမှ အမှုပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ Read more:
https://bur.mizzima.com/2026/03/05/83972