🤩ရဲကလည်းအလွဲသတင်းပေးကလည်းအချော်🤩

အညွှန်းဖတ်ရန်
⬇️⬇️
ဇာတ်လမ်းကတော့ မတူညီတဲ့ လူနှစ်ယောက်ရဲ့ အလွဲလွဲအချော်ချော် ပူးပေါင်းဆောင်ရွက်မှုကို ရိုက်ကူးထားတာပါ။
​အုန်းနမ်ဟျော့ တစ်ချိန်က ထက်မြက်ခဲ့ပေမယ့် အခုတော့ ရာထူးချခံထားရပြီး စိတ်ဓာတ်တွေကျ၊ စုံစမ်းစစ်ဆေးလိုစိတ်တွေ ပျောက်ဆုံးနေတဲ့ ရဲအရာရှိတစ်ဦး။
​ဂျိုထေးဘုံ မှောင်ခိုဂိုဏ်းတစ်ခုထဲမှာ လူယုံအဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး ရဲတွေကို သတင်းပေးနေတဲ့ ထက်မြက်တဲ့ သတင်းပေး (Informant) တစ်ဦး။
​မှောင်ခိုဂိုဏ်းကို ဖမ်းဆီးဖို့ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတစ်ခု အလွဲလွဲအချော်ချော်ဖြစ်ပြီးနောက်မှာ ထေးဘုံရဲ့ သတင်းပေး Identity ပေါ်သွားခဲ့ပါတယ်။ ဒီကြားထဲမှာ ရဲအရာရှိ နမ်ဟျော့ကလည်း ဘဝအလှည့်အပြောင်းဖြစ်ဖို့ မှောင်ခိုပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားရင်း အလွဲလွဲအချော်ချော်နဲ့ အခြားရာဇဝတ်မှုတစ်ခုထဲ ပါဝင်ပတ်သက်သွားပါတော့တယ်။
​ဒီလိုနဲ့ အသက်အန္တရာယ် ကြုံလာရတဲ့အပြင် စုဆောင်းထားတဲ့ ငွေတွေပါ ဆုံးရှုံးသွားတဲ့ သတင်းပေး ထေးဘုံနဲ့ အမှုလိုက်ချင်တဲ့ ရဲအရာရှိ နမ်ဟျော့တို့နှစ်ယောက် အကျိုးစီးပွားချင်းတူညီသွားတဲ့အခါ... တစ်ယောက်ကိုတစ်ယောက် လုံးဝမယုံကြည်ကြတဲ့ "ရဲနဲ့ သတင်းပေး" မဟာမိတ်အတွဲအဖက်ဟာ မှောင်ခိုဂိုဏ်းကို နှိမ်နင်းဖို့နဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် ရယ်မောဖွယ်၊ ရင်ခုန်ဖွယ် ကမောက်ကမ ကိစ္စတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြရပါတော့တယ်။

ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/5754

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment