Mizzima
မြန်မာနိုင်ငံရှိ ပဋိပက္ခနယ်မြေများနှင့် ဆက်နွှယ်နေသည့် အမှုတခုအား အိန္ဒိယအာဏာပိုင်များက စုံစမ်း စစ်ဆေးနေစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသား ခြောက်ဦးမှာ တရားမဝင်လုပ်ရပ်များ တွင် ပါဝင်ပတ်သက်နေသည့် သက်သေအထောက်အထားမရှိကြောင်းဆိုကာ ယူကရိန်းက စွပ်စွဲချက်များ ကို ပယ်ချလိုက်သည်။
ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန်နိုင်ငံသားတဦးကို တရားမဝင်လှုပ်ရှားမှုများတားဆီးရေး အက်ဥပဒေဖြင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် အိန္ဒိယကို ဖြတ်သန်းကာ မြန်မာနိုင်ငံသို့သွားရောက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီရန် ကြိုးပမ်းခဲ့ သည်ဟု စွပ်စွဲခံထားရသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ပဋိပက္ခနယ်မြေ
#တရားမဝင်လှုပ်ရှားမှု
#လက်နက်ကိုင်အဖွဲ့အစည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment