ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီလက်‌ေအာက်ခံ ပြည်သူ့စစ်များ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံ
ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီလက်‌ေအာက်ခံ ပြည်သူ့စစ်များ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးလွှမ်းမိုးမဇ္စျိမ။ ။ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ပေါ် စီးပွားရေး ဘဏ်အနီးတွင် ကင်းစောင့်ရန် ထွက်ခွာလာသည့် စစ်ကောင်စီ လက်အာက်ခံ ပြည်သူ့စစ်များ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ကာဘိုင်သေနတ် နှစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့ (ADRPA) တပ်ဖွဲ့ထံက သိရသည်။ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု ကြာချိန် မိနစ် ၃၀ ခန့်ရှိခဲ့ကြောင်း သိရသည်။“ ကင်းစောင့် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြိုတင်ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ် နှစ်ဦးနေရာတင် သေဆုံးသွားခဲ့တာ ဖြစ်တယ်” ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ADRPA တပ်ဖွဲ့ဝင်က ဆိုသည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ပြည်သူ့စစ် နှစ်ဦးသေဆုံးကာ တဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တနာရီခန့်အကြာတွင် စစ်ကောင်စီတပ်က အင်အားသုံးကာ သေဆုံးပြည်သူ့စစ်အလောင်းများကို ကောက်ယူသွားကြောင်း ADRPA တပ်ဖွဲ့ထံက သိရသည်။ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၃၀ (ADRPA) ၊ ဒီပဲယင်း ပ.က.ဖ တိုက်နယ် ၁/၂/၃ ၊ ရေဦးမြို့နယ် ပ.က.ဖ နှင့် ရန်ကြီးအောင် LDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ဒီပဲယင်းမြို့ပေါ်တွင် ခန့်မှန်း စစ်အင်အား ၁၀၀ ခန့်ရှိပြီး ထွေအုပ်ရုံး ၊ ရဲစခန်း ၊ စာရင်းစစ်ရုံး နှင့် စာသင်ကျောင်းတို့တွင် ဘန်ကာများဖြင့် ခံစစ်ပြင်ဆင်ကာ အထိုင်ချတပ်စွဲနေခြင်း ဖြစ်ပြီး ၊ မြို့နေပြည်သူများ အနေဖြင့် ယင်းနေရာများတွင် အသွားအလာ မပြုကြရန် ကာကွယ်ရေး တပ်ဖွဲ့များမှ သတိပေးထားကြောင်း သိရသည်။စာတည်း။ ။အောင်ကျော်ဖြိုးရုပ်သံ-ADRPAရုပ်သံအညွှန်း- စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များကို တိုက်ခိုက်နေသည့် PDFများ#ဒီပဲယင်း#ပြည်သူ့စစ်Video Link >> https://youtu.be/dW56CqSKzMo-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/1py8Fgu
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FdW56CqSKzMo&h=AT1baSmcD21JclWCCNAClHxM72UvZD-Nsd4wTFW7kgu9Z8h1TOKobHjozVy9fv_6syHsjiRJS5ba-dBw5KMJ_3m_v_OKeaaB_1VRLcCjiu4alkp6QFl_JPee0ra8aiep&s=1

Comments

Be the first to add a comment