အချို့သူများအတွက်မူ၊ အမေရိကန်၏ စစ်ရေး ခြိမ်းခြောက်မှုများ ရှေ့မှောက်တွင် တရုတ်၏ ဟန်ပြကြားနေမှုနှင့် ထိန်းသိမ်းစောင့်ကြည့်သည့် ဘက်ကို အလေးပေးမှုတို့က အီရန်ကို စွန့်ပစ်လိုက်သယောင် ထင်မြင်စေပြီး တရုတ်က အီရန်အတွက် ယုံကြည်ရသော မိတ်ဖက် မဟုတ်ဟုဆိုသော အမြင်ကို ပိုမို ခိုင်မာစေသည်။ တရုတ်၏ အရင်းနှီးဆုံး မိတ်ဆွေ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို ကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တရုတ်၏ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည့် ဗင်နီဇွဲလား ရေနံကဏ္ဍကို ထိန်းချုပ်လိုက်ချိန်ကလည်း တရုတ်က ဘာမျှ မလုပ်ဘဲ နေခဲ့သည့်နောက် အီရန်အပေါ် ယခုကဲ့သို့ ရပ်တည်နေခြင်းလည်း ဖြစ်သည်။ Read more:
https://bur.mizzima.com/2026/02/28/83309