ဖလမ်းမြို့နယ်၌ ၄ လတာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၂၀၀ ကျော်သေ၊ ချင်းတပ်ဖွဲ့ဝင် ၄၀ ကျော် ကျဆုံးဟုဆို

ပါခွီး

မဇ္ဈိမ ။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ လေးလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ သေဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၂၅၀ ကျော် ၊ ဖမ်းဆီးခံရသူ ၄၀ ကျော်ရှိကြောင်း နှင့် ချင်းပူးပေါင်းတပ်ဘက်မှ ၄၂ ဦး ကျဆုံးကြောင်း ချင်းရေးရာအဖွဲ့ (ICA )က သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၏ အချက်အလက်များအရဖြစ်သည်ဟု ICA က မတ်လ ၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သေဆုံးထိခိုက်မှု ဒေတာအချက်အလက်တွေကို ဒီတိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ တာဝန် ရှိသူတွေရဲ့ အစီရင်ခံတာတွေက ယူပြီး တခြားအချက်လက်တွေကတော့ ကျွန်တော်တို့ မြေပြင်သတင်းကို အဓိကယူပြီး စိစစ်အတည်ပြုတာပါ” ဟု ICA သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းဗန်ဆွီးစံ က မဇ္ဈိမကိုပြောသည်။

ထိုကာလအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂,၅၀၀ ကျော်လုပ်ခဲ့ကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား…

Comments

Be the first to add a comment